About the GED

GED ဆိုတာ ဘာလဲ?

GED (General Educational Development) ဆိုတာက အမေရိကန်၊ ကနေဒါနဲ့ အချို့နိုင်ငံတွေမှာ အသိအမှတ်ပြုတဲ့ အထက်တန်းကျောင်း နဲ့ ညီမျှခြင်း စာမေးပွဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲကို အထက်တန်းကျောင်း မပြီးခဲ့သူတွေ (သို့) ကျောင်းထွက်ခဲ့သူတွေ ဖြေဆိုပြီး အထက်တန်းကျောင်း အဆင့် ဘွဲ့လက်မှတ် (High School Equivalency Diploma) ရနိုင်ပါတယ်။

GED ဘာသာရပ်များ

Mathematical Reasoning

Algebra, geometry, basic arithmetic, graphs, and functions.

Science

Life science, physical science, earth and space science.

Social Studies

U.S. history, economics, geography, civics and government.

Reasoning Through Language Arts

Reading comprehension, writing, grammar and language.

အမှတ်ပေး စနစ်

အမှတ်အချိုး သတ်မှတ်ချက်
၁၄၅ အောက် မအောင်မြင်ပါ
၁၄၅ မှ ၁၆၄ အထိ အခြေခံအောင်မှတ်
၁၆၅ မှ ၁၇၄ အထိ တက္ကသိုလ်ဝင်အဆင့်
၁၇၅ အထက် တက္ကသိုလ်ပညာရေးတွင် အချို့သောဘာသာရပ်များအတွက် အမှတ်လက်ခံ

GED ဖြေဆိုရန် အရည်အချင်းသတ်မှတ်ချက်များ

  • လက်ရှိ အထက်တန်းကျောင်းတက်ရောက်နေသူ မဖြစ်ရ
  • အထက်တန်းကျောင်း ဘွဲ့ရပြီးသူ မဖြစ်ရ
  • ပြည်နယ်၏ သတ်မှတ်ချက်များနှင့်ကိုက်ညီရမည်
    1. အသက်အရွယ်
    2. နေထိုင်ရာဒေသ
    3. ကျောင်းထွက်ပြီးကြာချိန်
  • ပြည်နယ်အလိုက် သတ်မှတ်ထားသော ပြင်ဆင်မှုသင်တန်းများ ပြီးမြောက်ရမည် (ပြည်နယ်အလိုက် ကွဲပြားနိုင်သည်)
မှတ်ချက်။ ။
  • အချို့ပြည်နယ်များတွင် အသက် ၁၈ နှစ်ပြည့်ရန် လိုအပ်ပြီး အချို့တွင် ၁၆ နှစ်အထက်ဖြင့် ဖြေဆိုနိုင်သည်။
  • ကျောင်းထွက်ပြီး အနည်းဆုံး ၆ လ ကြာမှသာ ဖြေဆိုခွင့်ရှိသည့် ပြည်နယ်များလည်း ရှိပါသည်။
အသေးစိတ်သိရှိလိုပါက သင့်နေထိုင်ရာ ပြည်နယ်၏ GED စည်းမျဉ်းများကို GED ဝက်ဘ်ဆိုဒ် တွင် စစ်ဆေးနိုင်ပါသည်။